မှန်ချို ကုမ္ပဏီ လီမိတက် ၏ နောက်ခံ အကြောင်းအရာ

မှန်ချို ကုမ္ပဏီသည် မြန်မာတိုင်းရင်းဆေးဝါးများကို ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မှန်ချို ကုမ္ပဏီသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက်ထားသော  အလတ်စားလုပ်ငန်းတစ်ခုဖြစ်ပြီး ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း 120 ကျော်ရှိပါသည်။ မှန်ချို ကုမ္ပဏီတွင်  တိုင်းရင်းဆေး ထုတ်ကုန်အမျိုးအစား 50 ကျော်ကို ထုတ်လုပ်ဖြန့်ချီလျက်ရှိပါသည်။ မှန်ချို ကုမ္ပဏီမှ တိုင်းရင်းဆေးနှင့် ထုတ်ကုန်များကို  မှတစ်ဆင့် အရောင်းကိုယ်စားလှယ် ကြီးများမှ တဆင့် မြန်မာတစ်နိုင်ငံလုံးအပြင် နယ်စပ်ဒေသများအထိပါ  ဖြန့်ချီ လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၉၅ ခုတွင် မှန်ချိုအရောင်းကိုယ်စားလှယ်ကြီးများ ၃၀၀ ကျော်ခန့်ရှိပါသည်။ ဆေးဝါးအချို့ကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာလူမျိုးများအတွက် တင်ပို့ရောင်းချလျက်ရှိပါသည်။  မှန်ချို တိုင်းရင်းဆေးများသည် နှစ်ပေါင်း ( ၅၅  )နှစ် တိုင် မြန်မာပြည်သူများ အားထားရသော တိုင်းရင်းဆေးဝါး ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ မှန်ချို ကုမ္ပဏီသည် 1968 ခုနှစ်တွင် မိသားစုစီးပွားရေးအဖြစ် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစပြီး တီထွင်ဆန်းသစ်မှုများနှင့် များစွာတိုးတက်လာခဲ့ပါသည်။ ယခုအခါ တောင်ဒဂုံစက်မှုဇုန် နှင့်  မင်္ဂလာဒုံတွင် စက်ရုံနှစ်ရုံဖြင့် ဆေးဝါးများကိုထုတ်လုပ်လျက်ရှိပါသည်။ အဓိက အရောင်းဖြန့်ချီရေးဌာန မှာ ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့နယ် ရွှေဘုံသာလမ်းတွင် တည်ရှိပါသည်။