မှန်ချို-ဒဏ်ကြေအကြောပြေလိမ်းဆေး

တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR – 012553

ပါဝင်သောဆေးပစ္စည်းများ

သိုင်မော၊ လေးညှင်းဆီ၊ ပူစီနံဆီ၊ ပရုတ်၊ မင်သော်ဆီ၊ ယူကလစ်ဆီ၊ ဖယောင်း၊ မုန်ညှင်းဆီ

သုံးစွဲနိုင်သောရောဂါများ

ကိုယ်လက်ထုံကျဉ်ကိုက်ခဲခြင်း၊ လေးဖက်နာ၊ လေငန်းစွဲ၊ လေဖြတ်၊ အကြောကပ်၊ အကြောလွဲ၊ ကိုင်တွယ်မမြဲ၊ ခြေကပ်၊ လက်ကပ်၊ လက်မြှောက်မရခြင်း၊ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ ခါးနာ၊ ဒူးနာ၊ ခါးကိုက်၊ ဒူးကိုက်၊ အကြောရောင်ခြင်း၊ အရိုးကျီးပေါင်းရောဂါအမျိုးမျိုး၊ ကိုယ်လက်လေးလံခြင်း၊ ချောင်းဆိုး၊ ရင်ကြပ်၊ လေထိုးလေအောင့်၊ ဝမ်းဗိုက်တို့တွင်လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။ အအေးမိ၊ နှာစေး၊ နှာမွှန်၊ ဇက်ကြောတက်၊ ခေါင်းကိုက်၊ ခေါင်းမူးလျှင် ဆေးကိုလက်ဝါးဖြင့် ပွတ်၍ရှူပေးပါက အရေးပေါ်ဖြစ်တတ်သော ရောဂါများကိုလျှင်မြန်စွာပျောက်ကင်းစေပါသည်။